မြူးဇစ်ဇုန် ကေတီဗီ ပိုင်ရှင်နဲ့ မန်နေဂျာ အချုပ်ထဲ ရောက်သွားပါပြီ

မြူးဇစ်ဇုန် ကေတီဗီ ပိုင်ရှင်နဲ့ မန်နေဂျာ အချုပ်ထဲ ရောက်သွားပါပြီ

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် မြူးဇစ်ဇုန်ကေတီဗီ၏ ပိုင်ရှင်နှင့် မန်နေဂျာတို့ သင်္ဃန်ကျွန်းမြို့မ ရဲစခန်းတွင် အဖမ်းခံခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ယနေ့(အောက်တိုဘာ ၄ ရက်) မှာ ပြောကြားလိုက်ပါတယ်။

“မှန်ပါတယ်။ မနေ့ည ၉ နာရီခွဲလောက်မှာ ရဲလက်ထဲ ရောက်ပါပြီ။ ပိုင်ရှင်နဲ့ မန်နေဂျာ နှစ်ယောက်ပါ။ ပိုင်ရှင်နာမည်က ဦးဇော်မင်းပါ။ မန်နေဂျာက ကျော်ကျော် ဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦဦးရွှေလှဝင်းက ဆက်လက် ပြောကြားပါတယ်။

“လာရောက်အဖမ်းခံတာ ဟုတ်ပါတယ်။ ဘယ်လို ဆောင်ရွက်မလဲဆိုတာ တရားရုံးက လုပ်မှာပါ။ ရဲကတော့ အမှုတွဲ တရားရုံး ပို့ပေးမယ် ” လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲမှူး ကောင်းနိုင်က ပြောပါတယ်။

အမှုဖွင့်ဖမ်းဆီးထားတဲ့ မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်မှာ ဦးဇော်မင်း ဖြစ်ပြီး မန်နေဂျာကတော့ ကိုဇော်မိုးကို (ခေါ် ) ကျော်ကျော် ဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ သူတို့နှစ်ယောက်ကို အရေးယူဆောင်ရွက်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ကိုယ်တိုင် ရဲစခန်းမှာ တိုင်ချက်ရေးပြီး အမှုဖွင့်လိုက်တာပါ။

သင်္ဃန်းကျွန်းမြို့နယ်ရှိ မြူးဇစ်ဇုန်ကေတီဗီ ၏ ပိုင်ရှင်ကို တရားစွဲရန် မြို့နယ် ကိုဗစ် ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားထားပါတယ်။

စခန်းမှာ အမှုဖွင့် အရေးယူထားတဲ့အမှုမှာ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် မြူးဇစ်ဇုန်ကေတီဗီ နှင့်ဆက်စပ်၍ ကိုဗစ် ရောဂါပိုး အတည်ပြုလူနာ ၉၀ ကျော် တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက် ညပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၆၅၀၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၃၇၁ ဦးရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page