တခုခုကို အမြန် ဆုံးဖြတ်ရတော့မယ့် မြန်မာနဲ့ အချိန် သိပ်မကျန်တော့တဲ့ အခြေအနေ

မြန်မာပြည် ကိုဗစ်အချက်အလက်များ သုံးသပ်ခြင်းနှင့် ရှေ့လာမည့် အလားအလာများ

(၁) ပိုးတွေ့နှုန်း ၁၀ မှ ၂၀ ရာနှုန်းကြား ရောက်ရှိလာ ( Rapid test kit ကြောင့် ပိုများလာတာ ဖြစ်နိုင်သလို လူထုတွင်း ရောဂါ ကူးစက်မှူက အတော်ပျံ့နှံ့နေပြီ လို့ လည်းယူဆလို့ရ)

(၂) သေနှူန်း ၂.၃၂ ရာနှုန်း ဒီနေ့ ကမ္ဘာ့အဆင့် မက်ဆီကိုက ၁ မြန်မာက ၁၅ ( သေနှုန်းတက်တာ ကြေကွဲစရာပါ သေသေချာချာ ဆန်းစစ်ရန်လို ဘယ်နေရာက အသေများဆုံး နဲ့ ဘာကြောင့်ဆိုတာ)

(၃) ရောဂါ ပျံ့ပွားမှူ ဟာ epi center ရန်ကုန် ကနေ ဧရာဝတီ တတိုင်းလုံးနဲ့ အမြန်လမ်းမကြီး တလျှောက် နေပြည်တော်ကို အနည်းငယ် ရှောင်ကွင်းပြီး မြန်မာပြည် အထက်ပိုင်းသို့ ထိုးဖောက်ချီတက်လာ ( ကိုဗစ် ချီတက်လာမဲ့ နေရာ ဒေသက ဆေးရုံတွေက ပစ္စည်းတွေစု အလှုရှင်တွေ စု ပြီး ခံစစ်လုံလုံ နဲ့ စောင့်နေရမယ်)

ဒီနေ့ ဥရောပ က ဂျာမဏီ နဲ့ ပြင်သစ် အာရှက တောင်ကိုရီးယား တရုတ် အိန္ဒိယ ဘင်္ဂလားဒေရှ့် အာဆီယံ က မြန်မာ ထိုင်း မလေးရှား အင်ဒိုနီးရှား. ဖိလစ်ပိုင် တွေရဲ့ စစ်နိုင်စွမ်းအား testing capacity နဲ့ အပေါင်းတွေ့နှုန်းတွေ ကို Live data visualisation ဆွဲကြည့်တာ ထူးခြားတာဘာတွေ့ရလဲ ဆိုတော့ ချမ်းသာတဲ့ နိုင်ငံတော်တော်များများက ဇန်နဝါရီ ဖေဖော်ဝါရီ လောက်မှာ အပေါင်းတွေ့နှုန်း ၂ရာနှုန်း အောက် မျဉ်းမဲ မှာ ရှိပြီး မတ် ဧပြီ မေ လောက်မှာ အဝါ လိမ္မော် အနီ စတဲ့ ပိုးတွေ့နှုန်း ၂ ကနေ ၂၀ ရာနှုန်းအထိ တွေ့လာရတယ် ဆိုလိုတာ ထိတွေ့လို့ခေါ်တဲ့ contact tracing လိုက်တာ အားကောင်းလာပြီး ပိုးတွေ့နှုန်းတက်လာတယ် ခွဲထားတယ် ရလဒ်က မေ လကုန်လောက်ကစပြီး ပိုးတွေ့နှုန်း ၂ရာနှုန်းအောက် ပြန် ရောက်ပြီး ပိုးတွေ့နှုန်း အမဲမျဉ်း နဲ့ ဂရပ်က တန်းသွားတယ်

အိန္ဒိယ ဘင်္ဂလားဒေရှ့် အင်ဒို နီးရှားတို့က ဧပြီ လဆန်းကစပြီး တက်လာတယ် ပိုးတွေ့နှုန်းက အဝါ(၃-၅ %) ရယ် အဝါရင့် (၅-၁၀%) အနီ (၁၀-၂၀%)ရယ် အနီရင့် (၂၀%အထက်) မှာ တလှည့်စီ အရောင်ပြောင်းရင်း လက်ရှိ ၅ အောက်တိုဘာထိ ၂% အောက် မဆင်းသေးဘူး ပြင်သစ်ကတော့ မဲရာကနေ ပြန်ဝါပြီး ဒုတိယလှိုင်းစနေတယ်

ထူးခြားတာ မြန်မာ မတ်လကစပြီး အမဲမျဉ်းတန်းလာတယ် ဩဂုတ် ၂၅ မှာ ဂရပ်စထိုးတက်တယ် (၃ရက်ကြာဒေတာ စောင့်ကြည့်ပြီးနောက် Exponential rise စပြီ ဒုံးပျံကြီးထိုးတက်လာပြီ ဆိုပြီး ဩဂုတ် ၂၇ မှာ ရန်ကုန် နဲ့ ရခိုင်ကို ၂ပတ် လော့ဒေါင်း ချသင့်ကြောင်း ဒေါက်တာဉာဏ် ဩဂုတ်မှာရေးတဲ့ပိုစ့်တွေမှာပါပါတယ် ဤကားစကားချပ်) စက်တင်ဘာလဆန်းမှာ ၃% အထက် မျဉ်းဝါ စတယ် စက်တင်ဘာ ၂၁ မှာ ၁၀% အထက် မျဉ်းနီစတယ် အခုမှ လော့ဒေါင်းဆို တိုတယ် လော့ဒေါင်းချမှ ရမယ် အကြာကြီးချရမယ် အားမပေးဘူး တိုင်းပြည် စီးပွားရေးပျက်သွားမယ်

မြန်မာ မှာ အရင် တုန်းက စစ်တာ ပြည်တော်ပြန်တွေ ကို စစ်တာ အများကြီး စစ်တယ် တယောက်စ ၂ ယောက်စ တွေ့တယ် အခြေအနေ ကောင်းတယ် နိုင်နိုင်နင်းနင်း စစ်နိုင်တယ်

ဩဂုတ်မှာ ရခိုင်ကနေ စစစ် လိုက်တာကနေစပြီး ပိုးတွေ့တွေ အရမ်းများလာတယ် ထိတွေ့ တွေ အကုန် Q သွင်းတယ် စစ်တယ် ပိုများလာတယ် ဒါပေမဲ့ မြန်မာ့ စစ်နှုန်းက ၂ရက်ပေါင်းရင် ၈ထောင်ထက် ပို စစ်နိုင်ပုံမပေါ်ဘူး တာဝန်ရှိသူတွေလည်း ဝန်ခံပြီးပြီ နေ့စဉ် ကြွေးကျန်က ၁သောင်း ခွဲအထက် စစ်ဖို့ ကျန်တယ် နောက်ထပ်လည်း ရောက်လာနေတယ် ဒီတော့ ရွေးစရာ ပေါ်လာတယ် ပိုးတွေ့နှုန်း ကို ချ မယ်ဆို ၁ က အများ ကြီး နိုင်နိုင်နင်းနင်း စစ် ရွှေလီလို တပတ် အတွင်း သိန်းသန်းချီ စစ်မလား ဒါကမဖြစ်နိုင်ဘူး ( နည်းလမ်းတော့ရှိတယ် ဥရောပ တချို့နိုင်ငံလေးတွေ လုပ်သလို နိုင်ငံခြား က Mega Lab တခုခုကို တခု ၂၀ ဒေါ်လာ နဲ့ လာစစ်ကွာ ပုဒ်ပြတ် ကြိုက်သလောက်စစ် ကျသလောက်ရှင်းမယ်ဆို ရမယ် NHL လည်းပညာတွေ အများကြီးရမယ် )

၂ က ဒီအခြေအနေ ရောက်မှ မစစ်ပဲရပ်ထားလို့မရတော့ ဘူး ဒီတော့ ဒီတို်င်းပဲ မနိုင်မနင်း ဆက် စစ်ကြမယ်ကွာ rapid test တွေနဲ့

၁ ကိုရွေးရင် ဒီထက် ဓာတ်ခွဲခန်း Lab တွေအများကြီး ထပ်လိုမယ် တပြည်နယ် ကိုဘော့ တလုံး နေ့ချင်းအဖြေထွက် လူနာခွဲထား အဲဒီလို လုပ်ရမယ် ၂လ လောက်ဆို အတော်အခြေအနေ ကောင်းသွားမယ်

၂ ကိုရွေးရင် လက်ရှိ အိန္ဒိယ ဘင်္ဂလားဒေရှ့် အင်ဒိုနီးရှား နောက်လိုက်ရမယ် ၇လရှိပြီ ဝါတခါ နီတလှည့်နဲ့ ပိုးတွေ့နှုန်းမကျဘူး လူတွေလည်းသေဆဲပဲ

မြန်မာ က တခုခုတော့ ဆုံးဖြတ်မှရမယ် ၂ပတ် တခါ ဟုမ်းစတေးတွေ တိုးနေလို့မရဘူး စင်္ကာပူတောင် ဂဏာန်း ၄လုံးကနေ တလုံး ဆင်းဖို့ ၅လ ၆လ အချိန်ယူရတယ်

အကြွေးတင် ချို့တဲ့နေတဲ့ စစ်နိုင်စွမ်းအားကို ၁၀ ဆလောက်ဆွဲတင်မှ အခြေအနေကောင်းမယ် (ဒါမှ တကယ့် နောင်ရိုးတိုက်ပွဲ)လက်ရှိ ဆရာတို့ နိုင်နိုင်နင်းနင်း လုပ်နိုင်ပါတယ် အိုကေပါတယ် ဆိုရင် နောင်ရိုးတိုက်ပွဲ အစား နှစ်၆၀ ပြည်တွင်းစစ်လို့ ဖြစ်လာမှာကို ကြိုမြင်နေရပြီ

ဒေါက်တာဉာဏ်
ဘန်ကောက်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page