ကိုဗစ်လူနာတွေကို အိမ်မှာပဲ ထားတော့မယ့် အစီအစဥ်နဲ့ ပြောင်းလဲဖို့အတွက် အချက်ပေးခေါင်းလောင်းသံ

ကိုဗစ်လူနာတွေကို အိမ်မှာပဲ ထားတော့မယ့် အစီအစဥ်နဲ့ ပြောင်းလဲဖို့အတွက် အချက်ပေးခေါင်းလောင်းသံ

ကိုဗစ် positive ဖြစ်ရင် ကိုယ့်အိမ်မှာ ကိုယ် ၁၀ ရက်နေရမယ် အတူနေ တစ်မိသားစုလုံးလည်း အိမ်ထဲမှာဘဲနေ ၊ ဘာဖြစ်လို့လည်းဆိုတော့ positive လူနာတိုင်းရဲ့ အတူနေသူတွေကို Test စစ်‌မပေးနိုင်လို့ပါ ။

အိမ်ရှေ့မှာ Isolation အိမ်ဖြစ်ကြောင်း စာလာကပ်မယ် ။ Q မဟုတ်ဘူးနော် ၊ အိမ်သီးသန့်ခွဲထားခြင်း, လော့ဒေါင်း ဆိုပါတော့ ။ ရပ်ကွက်တာဝန်ရှိသူတွေက အစားသောက်နဲ့ လိုအပ်တာတွေ ဝယ်လို့ရအောင်စီစဉ်ပေးမယ် ။ ကိုဗစ် positive care ကိုအဖွဲ့အစည်းတွေ၊ ပြည်သူတွေတွေအားလုံးက တာဝန်ပြန်မျှယူတဲ့သဘောလို့ ယူဆမယ်ဆိုရင်လည်း မှန်ပါတယ် ။

ကျန်းမာရေးဝန်ထမ်းတွေက ရောဂါလက္ခဏာတွေ ရှိ/မရှိ ဖုန်းနဲ့ စစ်ဆေးပေးမယ် ။ လိုအပ်ရင် သွေးပေါင်ချိန်စက်၊ ဆီးချိုတိုင်းစက်၊ သာမိုမီတာ၊ အောက်စီဂျင်တိုင်းစက်တွေ ဝယ်ရမယ် ။ ရောဂါလက္ခဏာပေါ်လာလို့ ကုသမှုခံယူဖို့လိုရင် Ambulance နဲ့လာခေါ်ပြီး positive care center တစ်ခုခုကို ပို့ပေးမှာဖြစ်ပါတယ် ။ Q center ‌တွေမရှိတော့ဘူး ။ စမ်းသပ်တဲ့ စင်တာ တွေတော့တိုးပြီးထားပေးပါမယ် ။

Positive ဖြစ်သူအားလုံးကို အိမ်ပြန်လွှတ်ဖို့တော့ မဟုတ်ပါဘူး ။ အသက်ကြီးသူတွေ၊ ရောဂါအခံပြင်းထန်သူတွေကို ဆေးရုံ ဖြစ်ဖြစ် ၊ ဆေးကုသမှုစင်တာ ဖြစ်ဖြစ်ပို့မှာပါ ။ အိမ်သီးသန့်ခွဲတာ လုပ်ဖို့အဆင်မပြေတဲ့ လူတွေကို သီးခြားနေရာတစ်ခုစီစဉ်ပေးပါ လိမ့်မယ် ။ ထောက်ခံစာဆိုတာတော့လိုမလား ပါပဲ ။ ကုသရေးစင်တာ တိုင်းမှာ အနည်းဆုံးအဆင့် အောက်ဆီဂျင် ပေးနိုင်တဲ့ HDU ရှိမှာဆိုတော့ အဆင်ပြေကြမှာပါ ။

အဲဒီလိုအဆင့်ရအောင် ဘယ်လိုလုပ်မှာလည်းဆို ၊ positive လူနာတွေလျော့လက်ခံလို့ ပိုလာတဲ့ငွေနဲ့ upgrade လုပ်မှာပါ ။ ဒါပေမဲ့ ၊ ကိုဗစ်ကြီး တကယ်ဆိုးရင် ကယ်လို့မရနိုင်လို့သေဆုံးသူတွေကတော့ ရာနှုန်းတစ်ခုနဲ့ရှိနေမှာပါပဲ ။ တကယ်လား – ဒါတွေတကယ်လုပ်တော့မှာလားဆိုတော့ မဟုတ်သေးဘူးလို့ ပြောလို့ရသလို ၊ ဖြစ်ချင်ဖြစ်လာမှာပေါ့ဆိုရင်လည်းမမှားပါဘူး ။ ကျွန်တော်ကတော့ ဖြစ်သင့်ပြီလို့ပဲ ဆိုပါမယ် ။ အားလုံးအနေနဲ့ကတော့ ဒီအစီအစဉ်ကိုသဘောကျတဲ့လူတွေရှိသလို ၊ လက်မခံတဲ့လူတွေကတောင်ပိုများမလားပါပဲ ။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ် positive လူနာတွေကို လက်ခံဖို့နေရာတွေ အလုံအလောက်ရှိနေတာပဲ ၊ ခုတင်တွေတောင်လွတ်နေတာပဲ ၊ ဘာဖြစ်လို့ positive တွေ အိမ်ပြန်လွှတ်မှာလည်းမေးချင်သူတွေလည်း အမြောက်အများရှိမှာပါ ။ အဖြေတွေ ရှိပါတယ် ။

(၁) ရန်ကုန်မှာ Positive လူနာ ၆၀၀၀ ကနေ ၁၀၀၀၀ အတွက် care လုပ်ဖို့ စုစည်းထားတဲ့အင်အားတွေဟာ တစ်နိုင်ငံလုံးက စုစည်းထားတာဖြစ်ပြီး ၊ နယ်မှာများလာတဲ့ကူးစက်မှုတွေကြောင့် အင်အားအတော်များများကို ထပ်ရဖို့မရှိတော့ပါဘူး ။

(၂) ကူးစက်မှုတွေများလာချိန်မှာ အလုံးစုံ containment လုပ်ခြင်းအားဖြင့် မနိုင်မနင်းဖြစ်ရပြီး အမှန် contain လုပ်သင့်တဲ့ သံသယတွေကို စစ်ဆေးမှု မလုပ်နိုင်တာ‌တွေများများလာပြီးကူးစက်မှုကိုဖြတ်တောက်နိုင်ရန် လမ်းစပျောက်ခြင်း ။

(၃) Active care မလိုအပ်သော positive လူနာများကို care ပေးနေသည့်အတွက် လုပ်အား၊ ငွေအားဆုံးရှုံးမှကြောင့် အမှန် တကယ် အထူးကုသမှု လိုသူများကို လိုအပ်ချက်အရ အောက်ဆီဂျင်ကုထုံး, HDU, ICU care များ၊ plasma therapy များလုံလုံလောက်လောက်ပေးနိုင်မှု အလှမ်းကွာနေခြင်း။

(၄) အထွေထွေလိုအပ်ချက်များကြောင့် COVID19 Medical center များတွင် special care ပေးနိုင်မှု အရေအတွက်လုံလောက်မှု မရှိသဖြင့် ဆေးရုံများတွင် positive လူနာများ တဖြည်းဖြည်းများလာပြီး Non- COVID19 လူနာများအတွက် ဆေးရုံကုသမှုရရှိရန်ခက်ခဲလာခြင်း ။ ဆေးရုံများတွင်ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့်လည်း ပုံမှန်ခွဲစိတ်ကုလုပ်ငန်းများစွာရပ်ဆိုင်းထားရခြင်း ။

(၅) ကာလကြာ Containment strategy ၏ဘေးထွက်ဆိုးကျိုးအဖြစ် လုပ်ငန်းများစွာရပ်ဆိုင်းရသည့်အတွက်ပြည်သူအများစု၏ စားဝတ်နေရေးများခက်ခဲလာခြင်း ။ တိုင်းပြည်ဖွံ့တိုးတက်မှု ထိခိုက်ကျဆင်းလာခြင်း ။

(၆) ကာလကြာကူးစက်မှုကြောင့် positive လူနာများအတွက် ကုန်ကျနေသော ဆေးဖိုး၊ ထမင်းဖိုး၊ ရေသန့်ဖိုး ၊အိပ်ရာခင်းစုံဖိုး ၊ တကိုယ်ရေသုံးပစ္စည်းဖိုး အစရှိသည့် စရိတ်မျိုးစုံအတွက်အလှူငွေများ ပါးရှားလာခြင်း ။ အလှူရှင်များ ဆက်လက်လှူဒန်းရန် ခက်ခဲလာသလို၊ အစိုးရရံပုံငွေမှ ထောက်ပံ့ရန်လည်း အကန့်အသတ်ရှိလာခြင်း ။ ထပ်ပြီး ဖြေပြောပြောလျှင် ရနိုင်သလို တင်ပြောပြောရပြန်လျှင်လည်း ပြောစရာတွေတစ်ပုံတစ်ပင်သာ။

ရှေ့မှာ – လုပ်စရာတွေလည်းကလည်း များစွ၊ များလှစွာ – ခရီးသွားလာမှုတွေပြန်စရမည် ။ အလုပ်ရုံတွေ၊ စက်ရုံတွေ ပြန်ဖွင့်ရမည် ။ ကုမ္ပဏီတွေ၊ ကျောင်းတွေပြန်ဖွင့်ရမည် ။ ကုန်စီးဆင်းမှုတွေ ပြန်ခွင့်ပြုရမည် ။ ခရီးသွားလုပ်ငန်းတွေ ပုံစံပြန်ချရမည် ။ နိုင်ငံတကာဆက်သွယ်ရေးတွေ ပြန်ဖွင့်ပေးရပါတော့မည် ။

တဖက်ကလည်း – ကာကွယ်ဆေးပေါ်လာလျှင် တစ်စု ၊ တစ်ဖွဲ့ထိုးကြရုံဖြင့် အကျိုးမရှိ လူအများထိုးနိုင်ကြရမည် ။ ရံပုံငွေက ဘယ်မှာနည်း ။ New normal အကာအကွယ်တွေအတွက် အသုံးစရိတ်ကိုလည်း မချန်ထားလို့မရပြန် ။ အသင့်တော်ဆုံးသော ကိုဗစ် မဟာဗျူဟာကြီးပေါ်ပေါက်လာပါစေ ၊ အားလုံး ဆုတောင်းနေကြမည်ထင်ပါသည် ။

လက်တွေ့မှာတော့ ဆုတောင်းကောင်းကြဖို့ထက် အားလုံးညီညာပူးပေါင်းကူညီကြဖို့က အရေးပေါ် လိုအပ်လို့ နေပါပြီ ။ အရင်တုံးကပြောခဲ့ဘူးကြသည့် ” မူက အရေးမကြီးဘူး ၊ လူက အရေးကြီးတာ ” ဆိုသော စကားရှိပါသည် ။ အခုလည်း မဟာဗျူဟာ၊ နည်းဗျူဟာက အရေးမကြီးဘူး ၊ စည်းကမ်းကသာ အရေးကြီးတာဟု ဆိုရမလောက်ပင် ။

Dr. Aye Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page