လျှပ်စစ်ကားတွေ မြန်မာပြည်ထဲ ဝင်လာတော့မှာမို့ ပေါ့ပေါ့ပါးပါး သိထားသင့်တဲ့ အချက်များ

လျှပ်စစ်ကား ‌(ခေါ်) EV ကားတွေ မြန်မာနိုင်ငံထဲဝင်လာမှာမို့ EV နဲ့ပတ်သတ်တဲ့ ပေါ့ပေါ့ပါးပါး သိထားသင့်တဲ့ အချက်လေးတွေ ပြောပြပေးပါမယ်..

အခုလက်ရှိ ကမ္ဘာမှာ ဆီဆိုင်တွေရဲ့ အရေအတွက်ထက် EV Charging Points အရေအတွက်က ပိုများပါတယ်။ နောက်နှစ်တွေမှာလည်း ပိုတိုးလာဖို့ပဲရှိပါတယ်။

EV တွေက ကားလောကရဲ့ အနာဂတ်လို့ ပုံဖော်ကြပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၈) နှစ်ကျော်ထဲက တီထွင်ခဲ့ကြတာပါ။

EV တွေမဝယ်ခင်မှာ တန်ပါ့မလားလို့ တွေးကောင်းတွေးကြမှာ ဆိုပေမယ့် ရေရှည်အကျိုးကို ကြည့်မယ်ဆိုရင်တော့ ဓာတ်ဆီ ၊ ဒီဇယ်ကားတွေထက် ကုန်ကျစရိတ် ထက်ဝက်ကျော် သက်သာပါတယ်။

လျှပ်စစ်ကားတွေက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိရုံသာမက ဘရိတ်ကို နင်းလိုက်တဲ့အခါ သွားနိုင်တဲ့ မိုင်နှုန်းကို တိုးစေပါသေးတယ်။

လျှပ်စစ်ကားတွေက အပြင်ဘက်မှာ ဆူညံသံပိုဖြစ်တဲ့အတွက် စက်ဘီးစီးသူတွေနဲ့ လမ်းသွားလမ်းလာတွေအလွယ်တကူကြားနိုင်ပြီး ယာဉ်မတော်တဆမှုဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

EV တွေက လပေါ်မှာလည်း ရှိပါတယ်။ လကမ္ဘာပေါ်မှာ သွားလာဖို့ အသုံးပြုတဲ့ NASA Lunar Rover က EV ပါပဲ။

အိမ်မှာ မှန်ကန်သင့်တော်တဲ့ စက်ကိရိယာတွေရှိတယ်ဆိုရင် အိမ်ကို လျှပ်စစ်ဓာတ်အားပေးဖို့ လျှပ်စစ်ကားကို အသုံးပြုနိုင်ပါတယ်။ (CarTips)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page