ရန်ကုန်တိုင်းအတွင်း အမိန့်စာနှင့် မကိုက်ညီသည့် စက်ရုံအချို့ ပြန်လည် လည်ပတ်လျက်ရှိနေ

ရန်ကုန်တိုင်းအတွင်း အမိန့်စာနှင့် မကိုက်ညီသည့် စက်ရုံအချို့ ပြန်လည် လည်ပတ်လျက်ရှိနေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စိစစ်သည့်အခါတွင် ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားမှု A အဆင့်ရရှိပါက စက်ရုံများအား ပြန်လည်လည်ပတ်စေမည်ဟု ကြေညာခဲ့ပြီးနောက် ယနေ့အောက်တိုဘာ ၁၂တွင် ကိုဗစ်ပထမလှိုင်းက B အဆင့်ရရှိခဲ့တဲ့ စက်ရုံတွေပြန်လည်ဖွင့်လာလို့ အရေးယူဖို့ အလုပ်သမားတွေအနေနဲ့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

“အမိန့်စာအပြောင်းအလဲတွေကကျွန်တော်တို့တောင်လိုက် လို့မမှီဘူးဖြစ်နေတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စိစစ်ပြီး တိုင်းအစိုးရခွင့်ပြုချက်နဲ့ ၁၂ ရက်နေ့ကစပြီး စက်ရုံအလုပ်ရုံတွေ လည်ပတ်လို့ရမယ်ဆိုပြီး စာထုတ်တယ်။ သို့သော် မနေ့ကထုတ်လိုက်တဲ့အမိန့်စာမှာကြ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စနစ်တကျ စီစဉ်ဆောင်ရွက်ပြီး ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Aအဆင့်ရရှိအောင်ပြင်ဆင်ထားတာတွေ့ရရင် အမျိုးသားအဆင့်က ပြန်လုပ်ကိုင်ခွင့်ပြုမယ်ဆိုပြီးတွေ့ရတယ်။ လာစစ်တဲ့အချိန်ပုံစံတစ်မျို းစစ်ဆေးရေးအဖွဲ့ ပြန်သွားရင် ပုံစံတစ်မျိုးဖြစ်ရင် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာရှိပါတယ်။A အဆင့်မရှိဘဲစက်ရုံတွေဖွင့်လှစ်ပါက သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဥပဒေနဲ့အရေးယူပေးဖို့တိုင်ကြားမှာပါ။အလုပ်သမားတွေလည်းမိမိတို့စက်ရုံ Aအဆင့်ရှိ၊မရှိမေးမြန်းစုံစမ်းဖို့လိုပါတယ်”ဟုမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က ပြောပါတယ်။

ယနေ့ အောက်တိုဘာ ၁၂ ရက်တွင်ပြန်ဖွင့်နေသည့်စက်ရုံများတွင်လည်း ကိုဗစ်ပထမလှိုင်းတွင် B အဆင့်ရရှိပြီး အလုပ်သမားများမှတိုင်ကြားခဲ့သည့်စက်ရုံများပါရှိနေတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့အဖွဲ့ထဲမှာတော့ပြန်ဖွင့်တဲ့စက်ရုံ သိရသလောက်တော့ လေး၊ငါးရုံလောက်ရှိပါတယ်။ပြန်ဖွင့် တဲ့စက်ရုံတွေက A အဆင့်စက်ရုံတွေ မဟုတ်ပါဘူး။ ပထမလှိုင်းတုန်းကဝန်ကြီး ဒေါ်မိုးမိုးစုကြည် လက်မှတ်နဲ့ ဖွင့်လို့ရပြီဆိုတဲ့ B အဆင့်နဲ့စက်ရုံတွေပါ။ အဲ့ဒီစက်ရုံတွေကလည်း B အဆင့်နဲ့ကိုက်ညီမှု မရှိလို့ တိုင်ကြားထားတဲ့ စက်ရုံတွေပါ။တိုင်ကြားထားတာတောင် အခုထိလာအရေးယူခြင်းမရှိသေးပါဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ လူမှုဖူလုံရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်သမား ကိုယ်စားလှယ် ဒေါ်သင်ဇာထက်က ပြောပါတယ်။

A အဆင့်ရသည့် စက်ရုံများတွင် အလုပ်သမားများ ကိုဗစ် ကူးစက်ခံရမှုများ ဖြစ်ပွားလာပါက စက်ရုံပိုင်ရှင်များအား အရေးယူမှု မရှိမည်ကို အလုပ်သမား တွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေ စိုးရိမ်မှုရှိနေကြပါတယ်။

“စစ်ဆေးမှု ခံယူရခြင်းမရှိသေးဘဲ ဒီနေ့စက်ရုံတွေဖွင့်တာကို CTUM ကအပြင်းအထန်ကန့်ကွက်ပါတယ်။ဖွင့်လှစ်တဲ့စက်ရုံတွေက နိုင်ငံတော်ရဲ့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးမူဝါဒကိုချိုးဖောက်နေတာတွေဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေနဲ့အညီ သေချာစစ်ဆေးမှု ခံယူပြီးမှသာ ဖွင့်လှစ်စေချင်ပါတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရ ာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက် အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page