ဆေးရုံမတင်ဘဲ အိမ်မှာဘဲ ကုသရင်းနဲ့ ကိုဗစ်ကို အောင်နိုင်ခဲ့တဲ့ အသက် (၉၉) နှစ်အရွယ် အဘွား
ကတိပေးထားတဲ့ အတိုင်း တင်လိုက်ပါပြီ။ ကျွန်တော် အမေ ၉၉ နှစ် ကိုဗစ် အကူးခံရပြီး positive ဖြစ်လို့ ၁၀ ရက်တိတိ အဖျား တက်လိုက် ကျလိုက် ဖြစ်ပါတယ်။ ၁၁ ရက်မြောက်နေ့မှာ အဖျားကျပြီး နေကောင်းသွားပါတယ်။
၉၉ နှစ် က ကိုဗစ် ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ အံ့ဩဖို့ကောင်းပါတယ်။ လေ့လာကြည့်တဲ့ အခါ အချက် ၃ ချက်တွေ့ ပါတယ်။
၁။ မာမီ ရဲ့ သူနာပြုက လည်း positive ဖြစ်လို့ သူနာပြုက အနီးကပ်ပြုစု ခွင့်ရပါတယ်။ အောက်ဆီဂျင်ကို တချိန်လုံး တိုင်းနေပြီး ၉၅ အောက် ရောက်တာနှင့် oxygen generator နှင့် ပေးပါတယ်။ သူ့ ကျေးဇူးက ကြီးပါတယ်။
၂။ ဆရာဝန် ဖြစ်တဲ့ ညီမလေး နှင့် ညီ (သြစတြေးလျ) က အဝေးကနေ အချိန် နှင့် တပြေးညီ လုပ်ဆောင်ရမှာတွေကို ညွှန်ကြားပေးပါတယ်။ သူနာပြုက လုပ်ပါတယ်။
၃။ အရေးကြီးဆုံးအချက်ပါ။ စိတ်ပိုင်းဆိုင်ရာ နှင့်ဆိုင်ပါတယ်။ Mummy ကို အခြေမပျက် အိမ်မှာပဲ ထားဖို့ Dr Pe Thet Khin နှင့် Dr Zaw Wai Soe တို့က ကူညီခဲ့ပါတယ်။ ဒီဆရာတွေကို အထူးကျေးဇူးတင်ပါတယ်။ Mummy က ကိုဗစ်ဆိုတာ ဘာမှန်းမသိသလို သူ ကိုဗစ် ဖြစ်နေမှန်းလည်း မသိတာက Mummy အသက်ကို ကယ်သွားတာပါ။
ဆေးရုံတက်ရလို့ အခြေပျက်သွားရင် Mummy ဘာဖြစ်မယ် မပြောနိုင်ပါ။ ကိုဗစ်ဖြစ်တဲ့ လူနာတွေ ဘေးမှာ အထူးသဖြင့် အသက်ကြီးသူတွေအတွက် အနားမှာ အားပေး စောင့်ရှောက် မည့်သူတွေလိုပါတယ်။
အခုတော့ ကျန်းမာရေးဝန်ကြီးဌာန MOHS က ခွင့်ပြုပေးတယ် လို့ သိရပါတယ်။ သိပ်ကောင်းတဲ့ အစီ အစဉ်ပါ။
ကျွန်တော့်ရဲ့ မြန်မာ့ရေနံက မိတ်ဆွေ အသက် ၇၂ နှစ် ကိုဗစ် နှင့် ကွယ်လွန်သွားပါတယ်။ ဂေါက်သီးရိုက် အင်မတန် ကောင်းပြီး ကျန်းမာရေး နှင့်ပြည့်စုံသူပါ။ ဆေးရုံကို တယောက်တည်းတက်ရတဲ့ အခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မထားရင် ထိခိုက်မှုတွေများနိုင်ပါတယ်။ ကိုဗစ်က သင့်အနားမှာပါ။ ကြိုတင်ပြင်ဆင်ထားပါ။
Kyaw Kyaw Hlaing