မိကျောင်းကောင်ရေ ၅၀၀ ခန့် မွေးမြူထားတဲ့ သာကေတမိကျောင်းကန်ရဲ့ လက်ရှိအခြေအနေ

ဒီရေတက်နေသော်လည်း သာကေတ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းရှိ မိကျောင်းများလုံခြုံစွာ ထိမ်းသိမ်းထားရှိ

“တော်သလင်း လဆန်း ၄ ရက်ဆိုတော့ အမြင့်ဆုံးဒီရေ က တက်နေကျပါ။ ဒီနေ့ မနက် ၆နာရီမှာ ထူးကဲဒီရေ ခေါင်‌ရေကြောင့် ရေဝင်မှုများနေေပေမယ့်လည်း မိကျောင်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိသလို ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းစေရေး ကို လဲ အထူးသတိပြု ဆောင်ရွက်ထားပါတယ်ခင်ဗျ”ဟု ငါးလုပ်ငန်းဦးစီးဌာန မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၊ သာကေတမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာမျိုးမင်းလှိုင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်မိုးရာသီက ယခုထက် ၂ ပေမြင့်သည်အထိ ဒီရေ တက်ခဲ့ဖူးကြောင်းနှင့် ထိုစဉ်ကလည်းမိကျောင်းများလွတ်ထွက်သွားခြင်းမရှိခဲ့အောင် ထိန်းသိမ်းကာရံလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ထပ်မံ ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် သာကေတ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၌ မိကျောင်း ၅၀၀ ကျော်ရှိပြီး အစိုးရအထောက်အပံ့ဖြင့်မွေးမြူထားခြင်းဖြစ်သည်။ မိကျောင်းစာအတွက် အလှူရှင်များက ပင်လယ်ငါးဖမ်းသင်္ဘော များမှ တပတ်လျှင် ငါး ပိသာ ၂၀၀ ခန့်ကို ဂျက်တီ တခုစီက အလှည့်ကျ လှူဒါန်းပေးနေကြောင်း ဒေါက်တာမျိုးမင်းလှိုင်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page