မန္တလေး ၂၉ လမ်း စားသောက်ဆိုင် မီးလောင်ခဲ့ရတဲ့ အကြောင်းရင်း (ပိတ်မိနေသူတွေကို လက်မတင်လေး ကယ်ထုတ်နိုင်ခဲ့)

မန္တလေး ၂၉ လမ်း စားသောက်ဆိုင် မီးလောင်ခဲ့ရတဲ့ အကြောင်းရင်း (ပိတ်မိနေသူတွေကို လက်မတင်လေး ကယ်ထုတ်နိုင်ခဲ့)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉လမ်း၊ ရ၉လမ်းနှင့် လမ်း၈၀ကြားရှိ သရဖူစားသောက်ဆိုင် မီးလောင်မှုသည် ကြွပ်ကြွပ်အိတ်တစ်လုံးအတွင်း ဖုန်းနှစ်လုံး ထည့်ကာ အားသွင်းထားရာမှ အပူလွန်ကဲပြီး အောက်ရှိ ဂျပ်ဖာဟောင်းပေါ်သို့ ပြုတ်ကျကာ မီးလောင်ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါတယ်။

ယနေ့ အောက်တိုဘာ(၃၀)ရက် နံနက်(၂)နာရီခွဲကျော် အချိန်က ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်ရှိ နှစ်ထပ်မြင့် အဆောက်အဦးဖြစ်သော အထက်ပါ စားသောက်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အဆောက်အဦး အပေါ်ထပ်အခန်းတွင် အမျိုးသား၊အမျိုးသမီး (၁၁)ဦး ပိတ်မိနေခဲ့ပြီး ၎င်းတို့ကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါတယ်။

အဆိုပါ မီးလောင်မှုအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၆၀)ဦး၊ အရံ(၁၃၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၅)စီးဖြင့် ငြိှမ်းသတ်ခဲ့ရပြီး နံနက်(၃)နာရီကျော်အချိန်တွင် မီးငြိမ်းခဲ့သည်ဟု ဆိုပါတယ်။

မီးလောင်မှု့ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၆၀)ကျော် ရှိခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင် အသက်(၇၀)အရွယ် အမျိုးသားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာ(၁၃)ရက် ညပိုင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက် ၃၅လမ်း၊ ၈၆လမ်းနှင့်၈၇လမ်းကြားရှိ အလှပြင်ဆိုင်တစ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက်ငါးနှစ်မှ (၄၅)နှစ်ကြားအရွယ် အမျိုးသမီး ငါးဦး သေဆုံးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page