ယနေ့ထွက်သည့် အောင်ဘာလေထီ သိန်းတသောင်းခွဲဆုရှင် ဟင်္သာတမြို့ကဖြစ်ပြီး ဆက်သွယ်၍ မရဖြစ်နေ

ယနေ့ထွက်သည့် အောင်ဘာလေထီ သိန်းတသောင်းခွဲဆုရှင် ဟင်္သာတမြို့ကဖြစ်ပြီး ဆက်သွယ်၍ မရဖြစ်နေ

၂၀ ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲဆုရှင်သည် ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်၌ ထီထိုးသွားသူဖြစ်ပြီး ၎င်းအားဆက်သွယ်၍မရဖြစ်နေကြောင်း သိရပါတယ်။

အဆိုပါဆုရှင်မှာ ၂၀၂၀ ခုနှစ်၊ ယနေ့ (အောက်တိုဘာ ၁ ရက်) တွင်ဖွင့်လှစ်သော (၂၀) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ လ ၉၁၄၂၃၇ ထီလက်မှတ်ဖြင့် ငွေကျပ် သိန်းတစ်သောင်းခွဲဆု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

“အခု (၂၀) ကြိမ်မြောက် သိန်းပေါင်း တစ်သောင်းခွဲထီဆုကို ကျွန်တော်တို့ မင်္ဂလာစွယ်တော် ထီဆိုင်ကနေ ဒုတိယအကြိမ်မြောက် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဆွတ်ခူးသွားသူကတော့ ဦးတင်မောင်ညွန့် ဖြစ်ပါတယ်။ ဒါပေမယ့် သူက ထီထိုးတုန်းက နာမည်နဲ့ ဖုန်းနံပါတ်ပဲ ပေးသွားတယ်။ နာမည်ကတော့ ရေးလို့ရပါပြီ။ ဖုန်းနံပါတ်ကတော့ ဆက်သွယ်တဲ့ အခါကျတော့ တပ်ဆင်ထားခြင်းမရှိဘူး ဆိုတော့ အဆက်အသွယ်လုပ်လို့ မရဘူး ဖြစ်နေပါတယ်။ ထီကတော့ ၂၈ ရက်လောက် က ထိုးတာပါ။ ထီထိုးတဲ့အခါမှာ လိပ်စာလည်း ပေးမသွားတော့ အဆက်အသွယ်လုပ်လို့ မရလို့ အခက်အခဲ ဖြစ်နေပါတယ်”ဟု ဟင်္သာတမြို့ မင်္ဂလာစွယ်တော်ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင် ကပြောကြားပါတယ်။

“(၆) ကြိမ်မြောက်မှာ ပေါက်တုန်းကလည်း နာမည်၊ လိပ်စာ ပေးမသွားတဲ့အတွက် ကျွန်တော်တို့မှာ ဆက်သွယ်ရအခက်အခဲ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း လိပ်စာ ပေးမသွားတော့ အဆက်အသွယ်လုပ်လို့ မရဘူး ဖြစ်နေပါတယ်။ ထီထိုးတဲ့သူက သိလို့ရှိရင် ကျွန်တော်တို့ထီဆိုင်ကို အကြောင်းကြားဆက်သွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု မင်္ဂလာစွယ်တော်ထီဆိုင်ပိုင်ရှင်က ဆက်လက် ပြောကြားပါတယ်။

ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်အနေဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၁ ရက်ကဖွင့်လှစ်ခဲ့သော (၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ပထမအကြိမ်အဖြစ် ဟင်္သာတမြို့နယ်၊ လက်ပံလှကျေးရွာမှ ကံထူးရှင် တစ်ဦးက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page